မကြာသေးခင်က လုပ်တဲ့ ကာယဗလမယ်ပြိုင်ပွဲမှာ ပထမရခဲ့

ဗီဒီယို ပုံစာ, မကြာသေးခင်က လုပ်တဲ့ ကာယဗလမယ်ပြိုင်ပွဲမှာ ပထမရခဲ့

တောင်ကိုရီးယားက ကင်မ် နာယွန်း ဆိုတဲ့ အမျိုးသမီးဟာ မော်တော်ဆိုင်ကယ်မှောက်လို့ လက်တစ်ဖက် ဆုံးခဲ့ရပါတယ်။

အလှအပဆိုင်ရာလုပ်ငန်းမှာ အသက်မွေးဝမ်းကျောင်း ဆက်လုပ်လို့ မရနိုင်တော့ဘူးလို့ သူ ထင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘဝကို အရှုံးမပေးဖို့ သူ သန္နိဋ္ဌာန် ချထားခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေး အတွက် လေ့ကျင့်ခန်းတွေလုပ်ပြီး ကာယဗလမယ် ဖြစ်ဖို့ သူကြိုးစားခဲ့ပါတယ်။

ခန္ဓာကိုယ် သန်စွမ်းသူတွေပါ ဝင်ပြိုင်တဲ့ မကြာသေးခင်က လုပ်တဲ့ ကာယဗလမယ်ပြိုင်ပွဲမှာ အဲဒီလူတွေကိုနိုင်ပြီး သူ ပထမ ရခဲ့ပါတယ်။

ကာယဗလမယ် ကင်မ် နာယွန်း အကြောင်း ကိုထက်အောင် ပြောပြပေးပါမယ်။