အိုင်စီဂျေမှာ မြန်မာလျှောက်လဲမလား
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ ဂမ်ဘီယာက မြန်မာကိုစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ လထဲ ကြားနာဖို့ရှိနေပါတယ်။ စစ်ကောင်စီဘက်က ဒီအမှုကိုလျှောက်လဲချက်ပေးမှာပါလား။ ဒါ့အပြင် မြန်မာနိုင်ငံဘက်က ရှေ့နေလိုက်ပေးခဲ့တဲ့ ဝီလီယံရှေးဘတ်စ်လည်း နှုတ်ထွက်သွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကြောင်းစုံကို ဘီဘီစီသတင်းထောက်ကိုနန္ဒက ပြောပြပေးမှာပါ။