ဒက်စမွန် တူးတူးရဲ့ ဘဝဇာတ်ကြောင်း
တောင်အာဖရိကနိုင်ငံမှာ တနင်္ဂနွေနေ့က အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင်တယောက် ဖြစ်ခဲ့တဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးအတွက် ဝမ်းနည်းကြေကွဲခြင်း သီတင်းတပတ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
ကိပ်တောင်း မြို့မှာ ရှိတဲ့ သူ့ရဲ့ စိန့်ဂျော့ဂျက်စ် ဘုရားရှိခိုးကျောင်းကလည်း ဒီနေ့ကစပြီး နှစ်သစ်ကူးနေ့အထိ မွန်းတည့်ချိန်မှာ ခေါင်းလောင်း ၁၀ ချက်ထိုးပြီး ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဘုရားရှိခိုးကျောင်းနဲ့ သူ့နေအိမ်အပါအဝင် အဆောက်အအုံတွေမှာလည်း ခရမ်းရောင်မီးတွေ ထွန်းထားကြသလို လူတွေလည်း စုရုံးရောက်ရှိပြီး ဂုဏ်ပြုနေကြပါတယ်။
ဆိုဝီတိုမှာလည်း ဖယောင်းတိုင်ငယ်တွေ ထွန်းပြီး ဆုတောင်းနေကြပါတယ်။ ဗြိတိသျှ ဘုရင်မကြီး အပါအဝင် ဘာရက်အိုဘားမားနဲ့ အိုပရာ ဝင်းဖီးလ်ဒ်ပါမကျန် နာမည်ကျော်တွေကလည်း သူနဲ့ပတ်သက်လို့ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။
ကိုမိုးမြင့်က ပြောပြမှာပါ။