ခရစ္စမတ်စ် ဘိုးဘိုးကြီး ဘာတွေ ပြင်ဆင်နေသလဲ
ခရစ္စမတ်စ် နီးကပ်လာပြီတာနဲ့ အညီ ကမ္ဘာတဝန်းမှာလည်း ပွဲတော်နေ့အတွက် ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ အဲဒီထဲမှာ တယောက်ကတော့ အလုပ်အများဆုံး ဖြစ်ပါတယ်။ ဘယ်သူလဲ ဆိုရင်တော့ ဆန်တာကလော့က်စ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စွပ်ဖားကြီးမှာ အရုပ်လက်ဆောင်တွေနဲ့ ရိန်းဒီးယား သမင်ကြီးတွေ ဆွဲပြီး လိုက်ဝေပေးတော့မှာဖြစ်ပါတယ်။ ဆိုတော့ ဆန်တာ တယောက် ဘာတွေ ပြင်ဆင်နေပြီလဲ ကြည့်ရအောင်ပါ။ ကိုမင်းထက်က ပြောပြမှာပါ။