ကနီ ဒေသက အရပ်သားတွေ အစုလိုက် သတ်ဖြတ်ခံရမှု
မြန်မာ စစ်တပ်က ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးချိန်က စပြီး အင်အားသုံးဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကနီဒေသမှာရှိတဲ့ ရွာ၄ရွာကို စစ်တပ်က ပစ်မှတ်ထား နှိမ်နှင်းမှုတွေလုပ်ခဲ့တဲ့အတွက် လူအမြောက်အများ သေဆုံးခဲ့ရပါတယ်။ စစ်တပ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အခြေအနေတွေကိုလည်း ဘီဘီစီက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘီဘီစီ အာရှရေးရာ အယ်ဒီတာ ရီဘက်ကာ ဟန်းရှ်ကီး ရဲ့သတင်းကို မရီရီအောင်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောက်အယှက်ဖြစ်စရာပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။