ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အာဖရိကမှာတွေ့ရ

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အာဖရိကမှာတွေ့ရ

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် တစ်မျိုးကို တွေ့ခဲ့ရတဲ့အတွက် ဥရောပနိုင်ငံတွေဟာ အာဖရိကနိုင်ငံတချို့က ခရီးသွားတွေလာရောက်မှုကို တားမြစ်လိုက်ပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ကူးစက်မှုလျင်မြန်ပြီး၊ ကိုဗစ်ကာကွယ်ဆေးရဲ့ထိရောက်မှုက နည်းပါးနိုင်တယ်လို့ ဆိုတဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ် မျိုးကွဲသစ်အကြောင်းကို အသေးစိတ်သိရဖို့ အတွက်ဆိုရင် တစ်ပတ်၊ နှစ်ပတ်လောက် အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ဆေးသုတေသီတွေက ပြောကြပါတယ်။ လောလောဆယ် တောင်အာဖရိက၊ ဟောင်ကောင်နဲ့ ဘော့စ်ဆွာနာမှာ ဒီဗိုင်းရပ်စ် မျိုးကွဲကူးစက်ခံထားရသူ အနည်းငယ်ကို တွေ့ရှိထားတာလည်း ဖြစ်ပါတယ်။ မသီဒါနွယ်က ဆက်ပြောပြပေးမှာပါ။