သစ်တောပြုန်းတီးမှုတွေ ရှိနေတဲ့ ဘရာဇီးက အမေဇုံ သစ်တော
သစ်တောပြုန်းတီးမှု လျှော့ချရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၄ က ရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ခဲ့တာကြောင့် ဒီတခါတော့ ဖိဖိစီးစီး လုပ်ဖို့ လုပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။
ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ တချို့ကတော့ သိပ်အပြုသဘော မမြင်ကြပါဘူး။ ဒီ သဘောတူညီမှုမှာ လက်မှတ်ထိုးထားတဲ့ ဘရာဇီးဆိုရင် အမေဇုံ သစ်တောကြီးကို ခုတ်ထွင် ရှင်းလင်းနေတာဖြစ်ပါတယ်။ ဘရာဇီး အမေဇုံ တောထဲက ဘီဘီစီသတင်းထောက် အိုလာဂါရင်ရဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြမှာပါ။