ဘက်ပြောင်းလာသူ မြောက်ကိုရီးယား ထိပ်တန်းသူလျှိုဟောင်းတဦးရဲ့ ထွက်ဆိုချက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ သူ့ရဲ့ နျူးကလီးယားလက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ထိပ်တန်း ထောက်လှမ်းရေး အရာရှိဟောင်းတဦးက ပြောပါတယ်။
ဗိုလ်မှူးကြီး Kim Kuk-Song ဟာ ၂၀၁၄ ခုနှစ်မှာ မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပါ၀င်ခဲ့သလို ခေါင်းဆောင် ကင်ဂျုံအွန်းအတွက် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာတခုကိုတောင် တည်ဆောက်ပေးခဲ့ရတယ်လို့ ပြောပါတယ်။
သူရဲ့ ထွက်ဆိုချက်ကို အတည်ပြုစိစစ်ဖို့ မဖြစ်နိုင်ပေမယ့် မြောက်ကိုရီးယား အစိုးရ ရှင်သန်ဖို့အတွက် ဘာတွေ လုပ်နေသလဲဆိုတာ ထင်ထင်ရှားရှား သိမြင်နိုင်မှာ ဖြစ်ပါတယ်။
မညိုလဲ့ရည်က ပြန်ပြောပြပေးမှာပါ။