စစ်ကောင်စီဘက်က အကျအဆုံးစာရင်းတွေကို တိုင်းရင်းသား တပ်ဖွဲ့တွေက ထုတ်ပြန်လာ
ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ EAO တွေနဲ့ ရင်ဆိုင်တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးစာရင်းတွေကို တိုင်းရင်းသား တပ်တွေက လချုပ် အနေနဲ့ ထုတ်ပြန်လာတာရှိသလို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ကျဆုံးမှု သတင်းတွေကို တိုင်းရင်းသားတပ်တွေဘက်က ထုတ်ပြန်လာကြပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ နိုင်ငံတဝန်းလုံးက ထူးခြားတဲ့ အကြောင်းအရာတွေကို ဘီဘီစီသတင်းထောက် မအိမ့်ခိုင်ဦးက အခုလို စုစည်းပြောပြထားပါတယ်။