ဟာရီကိန်း အိုင်ဒါကြောင့် လူ ၇ သိန်းကျော် လျှပ်စစ်ဓာတ်အား မရ
အမေရိကန် ပြည်ထောင်စုက လူဝီဆီယားနားနဲ့ မစ္စစ္စပီ ပြည်နယ်တွေရဲ့ ကမ်းရိုးတန်းတွေကို ဝင်ရောက်တိုက်ခတ်နေတဲ့ အပူပိုင်း မုန်တိုင်း အိုင်ဒါ ကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့ ရေကြီးမှုတွေ ဖြစ်လာနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
အိုင်ဒါဟာ တနင်္ဂနွေနေ့က ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဖြစ်တာကြောင့် အားလျော့လာနေပြီ ဖြစ်ပါတယ်။ နယူးအော်လင်းစ် တမြို့လုံးလည်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေပါတယ်။ ဟာရီကန်း ကက်ထရီနာ ဝင်ရောက် တိုက်ခတ်ပြီးနောက် ပြုပြင်ထားတဲ့ ရေတားတွေကြောင့် ခုထက်ထိတော့ အသေအပျောက် ကြီးကြီးမားမား မရှိခဲ့ပါဘူး။
ကိုထက်အောင်က ပြောပြမှာပါ။