လစ်ဗျား ပြည်တွင်းစစ်မှာ ရုရှားကြေးစားတွေ ပါဝင်တိုက်ခိုက်နေ

ဗီဒီယို ပုံစာ, လစ်ဗျား ပြည်တွင်းစစ်မှာ ရုရှားကြေးစားတွေ ပါဝင်တိုက်ခိုက်နေ

လစ်ဗျား နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၁ က လူထုရဲ့ တော်လှန် အုံကြွမှုနဲ့ နေတိုးရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အာဏာရှင် ဗိုလ်မှူးကြီး မူမာဂဒါဖီ ပြုတ်ကျခဲ့ပြီး နောက်ပိုင်းတကည်းက မတည်မငြိမ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ စင်ပြိုင် အစိုးရ ၂ ခုက တိုင်းပြည်ကို အရှေ့နဲ့ အနောက် ၂ ခြမ်းခွဲပြီး အုပ်ချုပ်နေခဲ့ကြပါတယ်။ လစ်ဗျား ပြည်တွင်းစစ်မှာ ၂ ဘက်စလုံးမှာ ရုရှားနဲ့ တူရကီတို့လို ပြည်ပနိုင်ငံတွေရဲ့ ပံ့ပိုးမှုတွေ ရနေကြပါတယ်။ ရုရှားက Wagner Group ဆိုတဲ့ အဖွဲ့ ကြေးစား စစ်သားတွေ တဘက်ကနေ ပါဝင် တိုက်ခိုက်ပေးနေတာကို ဘီဘီစီရဲ့ အာရပ်ဘာသာ ဌာနနဲ့ ရုရှား ဘာသာ ဌာနတို့က လပေါင်းများစွာ လေ့လာပြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။