ဂျပန် ကလေးငယ်တွေရဲ့ ပြန်ပေးဆွဲခံရမှု
အိုလံပစ်ပွဲတော်ကျင်းပနေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြင်သစ် အမျိုးသား ဗင်းဆင့် ဖီရှိုးဟာ အစာအငတ်ခံဆန္ဒပြခဲ့ပါတယ်။ ဂျပန်မှာ ကလေးတွေဟာ မိဘတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံနေရတာကြောင့်လို့ သူကပြောပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကမ္ဘာကသိအောင် အိုလံပစ် အားကစားရုံရှေ့မှာ အစာအငတ်ခံ ဆန္ဒပြတာလို့လည်းဆိုပါတယ်။ သူဟာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကဂျပန်လူမျိုးဇနီးသည်နဲ့ အိမ်ထောင်ကွဲတော့ သူ့ရဲ့ ဇနီးသည်က ကလေးတွေကို ခေါ်သွားတဲ့အတွက် အခုထိ ပြန်တွေ့ခွင့်မရတော့ပါဘူး။ ဒါဟာ သူ့ကလေးတွေကို ဂျပန်ဇနီးသည်ဟောင်းက ပြန်ပေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်မှာက အိမ်ထောင်ကွဲတဲ့အခါ မိဘတစ်ဉီးကိုပဲ ကလေးကို စောင့်ရှောက်ခွင့်ပေးလိုက်တာကြောင့် ကျန်တဲ့ မိဘတစ်ဦးက တွေ့ခွင့်ဆုံခွင့် မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အခုချိန်မှာတော့ မတော်တဆမှု တစ်ခုကြောင့် ဗင်းဆင့် ဖီရှိုးဟာ အစာငတ်ခံ ဆန္ဒပြမှုကိုတော့ ရပ်နားလိုက်ပြီဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီးလ် ဟေးလ်ရဲ့ သတင်းကို တင်ဆက်ပေးလိုက်ပါတယ်။