ဖုန်းခေါ်ဆိုမှုတွေကို စစ်တပ်က ကြားဖြတ်နားထောင်နေသလား
မိုလ်ဘိုင်းဖုန်းခေါ်ဆိုမှုတွေကိုစစ်ကောင်စီဘက်က ကြားဖြတ်နားထောင်နေတယ်။ နောက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းနံပတ်အဟောင်းတွေကိုအသုံးပြုပြီး ထောက်လှမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါ့အပြင်ဆယ်သွယ်ရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတချို့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ် နေသူတချို့ရဲ့ Sim Card တွေကို ပိတ်လိုက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်းကိုတော့ ကိုနန္ဒက ပြောပြပေးမှာပါ။