အီရန် သမ္မတသစ် အီဗရာဟင် ရိုင်အီဆီ

ဗီဒီယို ပုံစာ, အီရန် သမ္မတသစ် အီဗရာဟင် ရိုင်အီဆီ

အီရန်နိုင်ငံမှာ သမ္မတသစ် အီဗရာဟင် ရိုင်အီဆီ ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို လွှတ်တော်မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ သူ့ကို နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီက အတည်ပြုပေးခဲ့ပြီးနောက်မှာ အခုလို ကျမ်းကျိန်ပွဲ လုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် သမ္မတ ရိုင်အီဆီနဲ့ ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီတို့ဟာ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး၊ ခါမေနီရဲ့နေရာကို အစားထိုး ဝင်ရောက်မယ့်သူ လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အီရန်သမ္မတသစ်ဟာ အကြီးတန်း အစိုးရရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားအများအပြားကို ကွပ်မျက်တဲ့ အမိန့်ချမှတ်ပေးဖို့ တောင်းဆိုခဲ့သူအဖြစ် နာမည်ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် အေဒန် ဂျိမ်းစ် ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။