ရွှေတြိဂံနယ်မြေထဲမှာ ကိုဗစ်နဲ့ပိတ်မိနေတဲ့ မြန်မာ အလုပ်သမားတွေ

ဗီဒီယို ပုံစာ, ရွှေတြိဂံနယ်မြေထဲမှာ ပိတ်မိနေတဲ့ မြန်မာ အလုပ်သမားတွေ

မြန်မာ၊ ထိုင်းနဲ့ လာအို တို့ဆုံတဲ့ ရွှေတြိဂံဒေသ လာအိုဘက်ခြမ်းမှာရောက်နေတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့အခက်တွေ့နေကြတယ်လို့ အဲဒီမှာရှိနေတဲ့မြန်မာလုပ်သားတွေက ပြောပါတယ်။ လာအို စီးပွား‌ရေးဇုန်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ တရုတ်ကုမ္မဏီတခုက လုပ်ပိုင်ခွင့်ရထားတဲ့နေရာမှာ ရက်အကြာကြီး Quarantineဝင်နေရတယ် လို့ဆိုပါတယ်။ မြန်မာဘက်က တာဝန်ရှိသူတွေကလည်း နေရပ်ပြန်လိုတဲ့ အလုပ်သမားတွေကို ပြန်ခေါ်ဖို့ အစီအစဥ်တွေ လုပ်ဆောင်နေတာမျိုးကိုလည်း မတွေ့ရသေးပါဘူး။ ဒီအကြောင်း မနှင်းမိုက ပြောပြပေးမှာပါ။