ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ စတင်
ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ဒီကနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အဖွင့်ပွဲအဖြစ် အီတလီနဲ့ တူရကီအသင်းတို့ဟာ ရောမမြို့မှာ ယှဥ်ပြိုင် ကစားကြမှာပါ။ ကိုဗစ် ကပ်ရောဂါကြောင့် တစ်နှစ်ကြာရွှေ့ဆိုင်းခဲ့ရတဲ့ ဘောလုံးပြိုင်ပွဲတွေကို ဥရောပမြို့ကြီး၁၂ မြို့မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အရင်လို နိုင်ငံတစ်နိုင်ငံတည်းမှာ ပြိုင်ပွဲကျင်းပတာမျိုး မဟုတ်ဘဲ ဥရောပ မြို့ပေါင်းစုံမှာ ကျင်းပဖို့ဥရောပ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း မီရှဲလ် ပလာတီနီက စီစဥ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကပ်ရောဂါဖြစ်နေဆဲကာလမှာ ဘောလုံးပွဲကျင်းပရတာဆိုတော့ စိန်ခေါ်မှုတွေကလည်း များစွာရှိပါတယ်။ ဘီဘီစီ သတင်းထောက် ဂျင် လမ်စ်ဒန်ရဲ့ သတင်းကို မသီဒါက ပြောပြပေးမှာပါ။