ချက်နိုင်ငံက အသိအမှတ်ပြုလိုက်တဲ့ NUG ကိုယ်စားလှယ်နဲ့ ဘီဘီစီ
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ချက်သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖြစ် ဦးလင်းသန့်ကို ချက် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။
ဒါဟာ နိုင်ငံရပ်ခြား အစိုးရ တစ်ရပ်က NUG ကိုယ်စားလှယ် တစ်ယောက်ကို ပထမဆုံး အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံ ဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်အနေနဲ့ ဘယ်လို မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ရှိပါလဲ။
ကိုကျော်ဇေယျက ဆက်သွယ် မေးမြန်းထားပါတယ်။