စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့မယ်လို့ ပြည်သူ့ပါတီဆို
အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၁ ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ့် အစည်းအဝေးကို တက်ရောက်မယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဘီဘီစီကို အတည်ပြုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားအများအပြား ဖမ်းဆီးထောင်ချခံထားရချိန်မှာ အခုလို ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ပါတီဝင်တွေကြား သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီး နုတ်ထွက်သူတွေလည်း ရှိပါတယ်။
၈၈ မျိုးဆက်ကျောင်းသားအများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီက ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါလဲ။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဘီဘီစီ သတင်းထောက် မညိုလဲ့ရည်က ဆက်သွယ်မေးကြည့်ထားပါတယ်။