ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်တော့ အဆင်ပြေမှာလဲ
ဘဏ်တွေကနေ ငွေသားထုတ်ယူဖို့ ခက်ခဲလာတဲ့ အချိန်မှာ လိုအပ်တဲ့ ငွေသားပမာဏကို ရာခိုင်နှုန်းပေးပြီး လဲလှယ်ရတဲ့ တရားမဝင် ဈေးကွက်ကြီးက ပိုပြီးအားကောင်းလာပါတယ်။
ဒီနေ့ဆိုရင် အဲဒီဈေးကွက်မှာ လဲလှယ်ခက ၈ရာခိုင်နှုန်း အထိဖြစ်လာပါတယ်။
သဘောကတော့ ဘဏ်စာရင်းကနေ ငွေကျပ် တစ်သိန်းလဲရင် လဲလှယ်ခ ကျပ် ၈၀၀၀ ပေးရတာဖြစ်ပါတယ်။ ဒါဟာ လူထုကြားမှာ ငွေသားရှားပါးမှုဘယ်လောက်ကြုံနေရပြီဆိုတာကိုပြနေတာပါလဲ။ ဒီလို အဆမတန် ဖြစ်လာတဲ့ ငွေသားလဲလှယ်မှုဈေးကွက်ကြီးကို ဗဟိုဘဏ် ဘယ်လိုထိန်းချုပ်ဖို့ရှိပါသလဲ၊ ပြီးတော့ ဘဏ်စနစ်ကို ပုံမှန်ပြန်ရအောင် ဘယ်လိုလုပ်သွားကြမလဲ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကို မမီမီခိုင်က သီးသန့် မေးမြန်းထားပါတယ်။