ဖယ်ဒရယ်တပ်မတော်အလားအလာ ။ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ မေးမြန်းခန်း

ဗီဒီယို ပုံစာ, ဖယ်ဒရယ်တပ်မတော်အလားအလာ : ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ မေးမြန်းခန်း

တိုင်းရင်းသားလက်နက်ကိုင်အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်စာတမ်းကို ကြိုဆိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့သလို စစ်အာဏာဖီဆန်ရေး CDM လုပ်ကြတဲ့ ဝန်ထမ်းတွေကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါကြောင့် CDM ကိစ္စ၊ ဖက်ဒရယ်တပ်မတော်ကိစ္စတွေအပြင် အခုနောက်ဆုံး ကရင်နဲ့ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေသလို ရှမ်းတောင်ပိုင်းမှာရော တိုက်ပွဲတွေ ဖြစ်လာစရာ ရှိလားဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းတွေကို PPST ယာယီခေါင်းဆောင်ဖြစ်တဲ့ RCSS က ဗိုလ်ချုပ်ကြီးယွက်ဆစ်က အခုလို ဖြေကြားထားပါတယ်။