ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတို့ ရှေ့နေနဲ့ တွေ့ခွင့်မရသေး

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတို့ ရှေ့နေနဲ့ တွေ့ခွင့်မရသေး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့ကို ဖေဖော်ဝါရီ ၁၇ ရက်ထိ ချုပ်ရမန် ယူထားတယ်လို့ တရားရုံးက ပြောတဲ့အကြောင်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ထောင် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ အခုအချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ ဒီအမှုပါ လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။