မော်စကိုက မြေအောက်ရထားမောင်းသူ အမျိုးသမီးတွေ

ဗီဒီယို ပုံစာ, မော်စကိုက မြေအောက်ရထားမောင်းသူ အမျိုးသမီးတွေ

နှစ်သစ် အစမှာ မော်စကိုမြို့သူမြို့သားတွေအကြား အံ့အားသင့်စရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မော်စကိုမြို့က မြေအောက်ရထားတွေမှာ အမျိုးသမီး ရထားမောင်းသူတွေကိုတွေ့မြင်လိုက်ရလို့ပဲဖြစ်ပါတယ်။ ဒီရထားမောင်းတဲ့အလုပ်အပါအဝင် တခြားရာနဲ့ချီတဲ့ အလုပ်တွေဟာ အန္တရာယ်များလွန်းတဲ့ အတွက် အမျိုးသမီးတွေနဲ့ မသင့်တော်ဘူးဆိုပြီး အရင်က တားမြစ်မှုတွေ လုပ်ထားခဲ့တာပါ။ အခုတော့ အမျိုးသမီးတွေဟာ ရာနဲ့ချီ ကန့်သတ်ခံထားရတဲ့ အလုပ်အကိုင်တွေကို ပြန်လည် လုပ်ကိုင်ခွင့်ရခဲ့ပါပြီ။ ကိုသိမ်းမြတ်က ဆက်ပြီးပြောပြပေးမှာပါ။