လန်ဒန်က ဆေးရုံတခုက အတွင်းက ကိုဗစ် ကုသမှုများ

ဗီဒီယို ပုံစာ, လန်ဒန်က ဆေးရုံတခုက အတွင်းက ကိုဗစ် ကုသမှုများ

ကျန်းမာရေး ဌာနတွေက ရှေ့တန်းက တာဝန် ထမ်းဆောင်နေကြရသူတွေမှာလည်း ဖိအားတွေက ပိုများလာနေပြီ ဖြစ်ပါတယ်။ လန်ဒန်မြို့က ဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အထောက်အကူပြု ဝန်ထမ်းတွေဆိုရင် သူတို့ ဆေးရုံတွေမှာ ကိုဗစ် လူနာတွေ တစစ များလာနေတာကြောင့် မနိုင်မနင်း ဖြစ်လာနေကြပါတယ်။ လန်ဒန်မြို့မှာ ဗိုင်းရပ်စ်ကူးစက် ခံရလို့ ဆေးရုံရောက်လာကြသူတွေဟာ ပြီးခဲ့တဲ့ နွေဦးရာသီကထက်ကို ပိုပြီး များနေပြီ ဖြစ်ပါတယ်။ ဘီဘီစီက လန်ဒန်တောင်ပိုင်းက ဆေးရုံတခုရဲ့ အထူးကြပ်မတ် ကုသဆောင်ထဲမှာ သတင်း ယူခွင့် ရခဲ့ ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။