ခေါင်းကွဲရင် လူစားထိုးဖို့ ပရီးမီးယားလိဂ်ပြင်ဆင်

ဗီဒီယို ပုံစာ, ခေါင်းကွဲရင် လူစားထိုးဖို့ ပရီးမီးယားလိဂ်ပြင်ဆင်

ပရီးမီးယားလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွေမှာ ပွဲကစားနေတုန်း ကစားသမားတစ်ယောက် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိခဲ့ရင် လူစားထိုးလဲလှယ်နိုင်မယ့် အစီအစဉ်ကို လာမယ့်ဇန်နဝါရီလမှာ စတင် စမ်းသပ်ကျင့်သုံးဖို့ပြင်ဆင်နေပါတယ်။

ဒါက လူစားလဲဖို့အတွက် လူပြည့်သွားပြီဆိုရင်တောင်မှ ကစားသမား တစ်ယောက်က မတော်တဆ ခေါင်းထိခိုက်မိရင် သူ့နေရာမှာ နောက်ထပ် ကစားသမား တစ်ဦး ကိုအစားထိုးထည့်သွင်းကစားနိုင်မယ့် အစီအစဉ်ပါ။

ဒီအစီအစဥ်ကို နိုင်ငံတကာ ဘောလုံးအားကစားအဖွဲ့ချုပ်ကလည်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီအကြောင်း မရီရီအောင်က ဆက်ပြီးပြောပြပေးမှာပါ။