လန်ဒန် က မြန်မာ ဘတ်စကား မောင်းသူ
ယူကေနိုင်ငံကိုရောက်လာကြတဲ့ မြန်မာတွေထဲမှာ အများစုက ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဝန်အလုပ် လာလုပ်သူတွေကို အများဆုံး တွေ့ရလေ့ရှိပါတယ်။
ဒါပေမယ့် လန်ဒန်မြို့ရဲ့ လမ်းတွေပေါ်မှာ အချိန်ပြည့် အလုပ်လုပ်နေသူတစ်ဦးလည်း ရှိပါတယ်။
လန်ဒန်ရဲ့အထင်ကရ နှစ်ထပ်ဘတ်စ်ကားကြီးကို မောင်းပြီး အလုပ်လုပ်တာပါ။
ဘတ်စကားမောင်းတဲ့ ဦးထင်ကျော်အကြောင်း ဗီဒီယိုသတင်းထောက် ကိုမုန်းရာက ကိုဗစ်ကပ်ရောဂါမစခင်လေးကပဲ ရိုက်ကူးတင်ဆက်ထားပါတယ်။