ကိုဗစ်ကာကွယ်ဆေး နိုင်ငံတိုင်း မျှတစွာ ရနိုင်ကြမလား

ဗီဒီယို ပုံစာ, ကိုဗစ် ကာကွယ်ဆေး နိုင်ငံတိုင်း မျှတစွာ ရနိုင်ကြမလား

ဖိုင်ဇာနဲ့ ဘီယွန်တက်ခ် ကာကွယ်ဆေးတွေက ၉၅ ရာခိုင်နှုန်း ထိရောက်တယ်လို့ အမေရိကန် ဆေးဝါး စီစစ်တဲ့သူတွေက အတည်ပြုလိုက်ပြီးတဲ့နောက် ဒီဆေးကို အရေးပေါ် အသုံးပြုသွားဖို့ ရှိနေပါတယ်။ ကမ္ဘာတဝန်းမှာလည်း ဒီဆေးကို စမ်းသပ်ထိုးနှံ့မှုတွေ အကြိမ် ၄၀ လောက်လုပ်ခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး မဟာမိတ်အဖွဲ့ကတော့ ချမ်းသာတဲ့ နိုင်ငံတွေက ဆေးကို စုဆောင်းနေတာကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေက ဆေးရရှိဖို့ အခြအနေမပေးဘူးလို့ သတိပေးပြောဆိုထားပါတယ်။ ကမ္ဘာတဝန်း ကာကွယ်ဆေးတွေ ဖြန့်ချီရာမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲဆိုတာ ကိုမင်းထက်က ပြောပြထားပါတယ်။