ကလေးတွေနဲ့ လိုက်ဖက်တဲ့ HIV ဆေး လာမယ့်နှစ်မှာ ဖြန့်ချိမယ်
ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ HIVဝေဒနာကိုခံစားနေရတဲ့ ကလေးတွေအတွက် စတော်ဘယ်ရီ အရသာနဲ့ ARVကုသဆေးတွေကို လာမယ့်နှစ်ကျရင် အာဖရိကနိုင်ငံတွေမှာ စတင်ဖြန့်ချိပေးတော့မယ်လို့ လူမှုကယ်ဆယ်ရေး အေဂျင်စီတွေက ပြောကြပါတယ်။
ကမ္ဘာတစ်ဝန်းမှာ HIV ဖြစ်နေတဲ့ ကလေးပေါင်း ၁ဒသမ၅သန်းလောက်ရှိပြီး အဲဒီအထဲက တဝက်လောက်ပဲ ကုသဆေးရရှိနေတယ်လို့လည်း ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။
ကင်ညာနိုင်ငံဟာ ဆိုရင် HIV ကူးစက်ခံရသူ အများအပြားရှိနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အဲဒီက ကလေးတွေဟာ သူတို့သောက်ရလွယ်မယ့် ကုသဆေးကို မျှော်လင့်နေကြပါတယ်။ မသီဒါနွယ်က ဆက်ပြီး ပြောပြပေးမှာပါ။