မာရာဒိုနာ အတွက် ဖြေမဆည်နိုင်ဖြစ်နေတဲ့ အာဂျင်တီးနား
ကွယ်လွန်သွားပြီဖြစ်တဲ့ အာဂျင်တီးနားရဲ့ ဂန္တဝင် ဘောလုံးအကျော်အမော် ဒီယေဂို မာရာဒိုနာရဲ့ ရုပ်အလောင်းကို ဘွယ်နိုအေရိစ် မြို့က သူ့မိဘတွေရဲ့ ဂူသင်္ချိုင်းဘေးမှာ ယှဥ်တွဲ မြှုပ်နှံလိုက်ကြပါပြီ။ ဂူသွင်းသင်္ဂြိုလ်မှု မလုပ်ခင်မှာ သူ့ရဲ့အခေါင်းကို သမ္မတ အိမ်တော်မှာ ထားခဲ့ပြီး လာရောက် နှုတ်ဆက်ကြသူတွေ ထောင်သောင်းချီ ရှိခဲ့ပါတယ်။ မြိုတော် ဘွယ်နိုအေရိစ်မှာတော့ မာရာဒိုနာအတွက် ဖြေမဆည်နိုင်ဖြစ်နေကြဆဲပါ။ ဒီအကြောင်းကိုတော့ ကိုမိုးမြင့်က ပြောပြပေးမှာပါ။