အမေရိကန်မှာ သီတင်း ၃ပတ်အတွင်း ကာကွယ်ဆေး ဖြန့်ပေးဖို့မျှော်လင့်ထား

ဗီဒီယို ပုံစာ, အမေရိကန်မှာ သီတင်း ၃ပတ်အတွင်း ကာကွယ်ဆေး ဖြန့်ပေးဖို့မျှော်လင့်ထား

အမေရိကန် ပြည်ထောင်စုရဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး အစီအစဉ်ဆိုင်ရာ အကြီးအကဲက လာမယ့် သီတင်း ၃ ပတ် ကာလ အတွင်း ဒီဇင်ဘာ ၁၁ ရက်ကနေ စလို့ အမေရိကန်နိုင်ငံသားတွေ ကာကွယ်ဆေးတွေ ထိုးနှံနိုင်တော့မယ်လို့ ပြောလိုက်ပါတယ်။

ဒေါက်တာ မွန်ဆက်ဖ် ဆလာဝီက အမေရိကန် အစားအစာနဲ့ ဆေးဝါး ဆိုင်ရာ အာဏာပိုင်တွေက ကာကွယ်ဆေးကို ခွင့်ပြုမိန့်ချပေးလိုက်တာနဲ့ ၂၄ နာရီအတွင်း ကာကွယ်ဆေး ထိုးနှံပေးမယ့် နေရာတွေကို ဆေးတွေ ဖြန့်ဖြူးပေးသွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

မသီဒါနွယ်က ပြောပြမှာပါ။