လင်းပိုင်လေးတွေကို ကယ်တင်နေတဲ့ အမေရိကန် အဖွဲ့

ဗီဒီယို ပုံစာ, လင်းပိုင်လေးတွေကို ကယ်တင်နေတဲ့ အမေရိကန် အဖွဲ့

ကမ္ဘာပေါ်က ကမ်းခြေဒေသ တချို့ဟာ လင်းပိုင်လို ရေနေသတ္တဝါတွေအတွက် အန္တရာယ်ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့် အမေရိကန် အရှေ့မြောက်ပိုင်းက ကမ်းခြေဒေသတွေဟာ အန္တရာယ်များပြီး အဲဒီမှာ လင်းပိုင်တွေဟာ သောင်တင်ပြီးသေဆုံးလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီလို သောင်တင်ပြီး သေဆုံးမှု မဖြစ်အောင် လို့ ကယ်တင်ပေးနေတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ <သူတို့ကြောင့် အဲဒီမှာ လင်းပိုင်တွေသောင်တင်သေဆုံးမှု အင်မတန်နည်းသွားပြီး အကောင်ရေလည်း တိုးပွားလာခဲ့ပါတယ်။> သူတို့ဘယ်လို ဆောင်ရွက်ခဲ့ကြတာပါလဲ။ ကိုထက်အောင်က ဆက်ပြီးပြောပြပေးမှာပါ။