ထိုင်းဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်

ဗီဒီယို ပုံစာ, ထိုင်းဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး လိုလားတဲ့ ဆန္ဒပြသူတွေရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တောင်းဆိုချက်တွေကို လက်ခံ မလား ဆိုတဲ့အပေါ်ထိုင်းပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီနေ့ ဘန်ကောက်မြို့က လမ်းတွေပေါ် ပြန်ရောက်လာကြတဲ့ ဆန္ဒပြသူတွေက ထိုင်းထီးနန်းကို ပြင်ဆင်ပြောင်းလဲ ချင်သလို ဝန်ကြီးချုပ်ကိုလည်း နှုတ်ထွက်ပေးဖို့ တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ကလည်း ပါလီမန်အဆောက်အအုံဆီ ချဉ်းကပ်လာကြတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြရာမှာ လူ ၄၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ ဘန်ကောက်မြို့မှာ ရှိနေတဲ့ ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်ဒ်နဲ့ ကင်မရာဆရာ နစ်ခ်မေလာဒ်တို့ က အခုလို သတင်းပေးပို့လာပါတယ်။