အမေရိကန် ရွေးကောက်ပွဲ မဲရေတွက်နေရဆဲ

ဗီဒီယို ပုံစာ, အမေရိကန် ရွေးကောက်ပွဲ မဲရေတွက်နေရဆဲ

အမေရိကန် သမ္မတ ရွေးကောက်ပွဲက အကြိတ်အနယ် ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပါတယ်။

သမ္မတထရမ့်က သူနိုင်တယ်လို့ ပြောနေသလို မစ္စတာ ဘိုင်ဒန်ကလည်း အနိုင်ရဖို့ ယုံကြည်မှုရှိနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး မစ္စတာ ဘိုင်ဒဲန်က သမ္မတ ထရမ့်ရဲ့ပြောဆိုချက်က မမှန်ဘဲ မဲရေတွက်နေဆဲ ကာလမှာ ဒီလိုပြောတာက အမေရိကန်တွေရဲ့ ဒီမိုကရေစီအခွင့်အရေးကို ဖယ်ရှားရာရောက်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနောက်ဆုံး အခြေအနေက ဘယ်လို ရှိနေပါသလဲ။ မရီရီအောင်က ပြောပြပေးမှာပါ။