အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပ

ဗီဒီယို ပုံစာ, အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပ

အမေရိကန် ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲအတွက် ပါတီကြီး ၂ ခုက သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ရစ်ပတ်ပလစ်ကန်ပါတီက လက်ရှိသမ္မတ ဒေါ်နယ် ထရမ့်နဲ့ ဒီမိုကရက်တစ် ပါတီက ဂျိုးဘိုင်ဒဲန်တို့ အကြား သီတင်းပတ်များစွာ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးခဲ့ကြအပြီး မဲဆန္ဒရှင်တွေက အဆုံးအဖြတ်ပေးမယ့် နေ့ကို ရောက်ပြီ ဖြစ်ပါတယ်။

ဒီတော့ ရွေးကောက်ပွဲရဲ့ အဖြေကိုရော ဘယ်တော့ သိနိုင်ကြမလဲ။ များသောအားဖြင့်ကတော့ နောက်တနေ့ မနက်ပိုင်း အစောပိုင်းမှာ ဘယ်သူနိုင်တယ်ဆိုတာ အဖြေထွက်လာလေ့ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်ကတော့ တမျိုးဖြစ်နိုင်ပါတယ်။

ဒါကလည်း စာတိုက်ကနေ ထည့်ရတဲ့ ကြိုတင်မဲတွေကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ သူတို့က အဖြေသဲသဲကွဲကွဲ ထွက်လာဖို့ စောင့်ရနိုင်တယ်၊ ရက်ပေါင်းများစွာ သီတင်းပတ်ပေါင်း များစွာတောင် ကြာလောက်တယ်လို့ သတိပေးထားပါတယ်။

ဘီဘီစီက ဟာနန် ရာဇက်က ပြောပြထားတာကို မသီဒါနွယ်က ပြောပြမှာပါ။