အမေရိကန်ရွေးကောက်ပွဲနဲ့ သေနတ်ကိုင်ဆောင်ခွင့်
ဒီတကြိမ် အမေရိကန် ရွေးကောက်ပွဲအကြို ကာလမှာ မဲဆန္ဒရှင်တွေအတွင်း စိတ်ဝင်စားနေကြတဲ့ အကြောင်းအရာ တခုကတော့ သေနတ်ကိုင်ဆောင်ခွင့်ပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ပါ့ခ်လန်းဒ်မှာ ရှိတဲ့ Marjorie Stoneman Douglas School ကျောင်းမှာ ကြုံခဲ့ရတဲ့ အစုလိုက် အပြုံလိုက်ပစ်ခတ်ခံရမှုတွေ ဖြစ်ခဲ့ပြီးနောက် သေနတ် ကိုင်ဆောင်ခွင့်တွေကို ပိုမိုထိန်းချုပ်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
တဘက်မှာလည်း သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံသူတွေက အမေရိကန်ရဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ လွတ်လပ်စွာ သေနတ်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်တာမျိုး မလုပ််ကြဖို့ ပြောနေကြဆဲ ဖြစ်ပါတယ်။ မသီဒါနွယ်က ဆက်ပြောပြမှာပါ။