ကိုဗစ်ကူးစက်မှု လူမျိုး အသားရောင်နဲ့ မဆိုင်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ခဲ့ပြီးနောက်မှာ ဒီဗိုင်းရပ်စ်ပိုးဟာ လူမည်းတွေနဲ့အာရှနွယ်ဖွားတွေမှာ ပိုပြီး ကူးစက်နိုင်တာကို သတိပြုမိခဲ့ကြပါတယ်။ ဗြိတိသျှအစိုးရက ဒီရောဂါ တိုက်ဖျက်ရေး အတွက် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ကတော့ လူမျိုးမတူတာ တခုနဲ့ ကူးစက်မှု ပိုဖြစ်နိုင်တယ်လို့ ပြောလို့ မရကြောင်း၊ အလုပ်အကိုင် နဲ့ နေထိုင်မှု ပုံစံတွေပေါ်မှာလည်း မူတည်ကြောင်း ပြောလိုက်ပါတယ်။ ဘီဘီစီသတင်းထောက် အနီဒါ ကမ်ဘဲလ်ရဲ့ သတင်းကို မသီဒါနွယ်က ဆက်ပြောပြမှာပါ။