နိုင်ဂျီးရီးယားက ဆန္ဒပြသူတွေကို ရဲတွေပစ်ခတ်
နိုင်ဂျီးရီးယား နိုင်ငံ၊ လေးဂို့စ်မြို့က အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို စစ်ဆေးသွားမယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ၂၀လောက် သေဆုံးသွားခဲ့ရတာပါ။ နိုင်ဂျီးရီးယားမှာ ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်မှုတွေကိုလျော့ချဖို့ ဆန္ဒပြတောင်းဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲနဲ့ ဆန္ဒပြသူတွအကြား အပြန်အလှန်တိုက်ခိုက်မှုတွေလည်းဖြစ်ပွားနေပါတယ်။ ဒါကြောင့် ၂၄ နာရီအပြင်မထွက်ရ ကာဖျူးအမိန့်ကိုချမှတ်ထားပါတယ်။ အဲဒီက အခြေအနတွေကိုတော့ကိုမင်းထက်က ပြောပြပေးမှာပါ။