မဒရစ်မြို့တော်မှာ အရေးပေါ်အခြေအနေကြေညာ

ဗီဒီယို ပုံစာ, မဒရစ်မြို့တော်မှာ လော့ခ်ဒေါင်းချ

ဉရောပတဝန်းမှာ ကိုဗစ် ဒုတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်လာချိန်မှာပဲ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ အရေးပေါ် အခြအနေကို ကြေညာလိုက်ပါတယ်။ ကင်းချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ကနေထွက်ခွာလာတဲ့သူတွေကို ဘယ်မှ မသွားဖို့ တားဆီးမှုတွေလည်း ရှိနေပါတယ်။ ဘီဘီစီသတင်းထောက် Jean McKenzieက ပေးပို့ထားတဲ့ သတင်းကို ဒေါ်ယဉ်ယဉ်မေက ပြောပြမှာပါ။