ပြည်ပရောက် ဝီဂါတွေ တရုတ်ပြည် ပြန်ပို့ခံနေရ

ဗီဒီယို ပုံစာ, ပြည်ပရောက် ဝီဂါတွေ တရုတ်ပြည် ပြန်ပို့ခံနေရ

တရုတ်အစိုးရက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ ဝီဂါလူမျိုး တသန်းလောက်ကို ပညာပေး စခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ယူဆမှုတွေ ရှိပါတယ်။

နောက်ပြီး တရုတ်ဟာ သူ့နယ်နမိတ်ကို ကျော်ပြီး တရုတ်ပြည် ပြင်ပ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ဝီဂါတွေကိုပါ အဲဒီဒေသတွင်းက အစိုးရတွေရဲ့ အကူအညီတွေနဲ့ လိုက်လံ ဖမ်းဆီးတာတွေ ရှိတယ်ဆိုတာကို ဘီဘီစီက သိရှိခဲ့ရပါတယ်။

ဆော်ဒီအာရေဗျ အပါအဝင် အဲဒီ ဒေသတွင်းက နိုင်ငံတွေဟာ ဝီဂါတွေကို အတင်းအဓမ္မ တရုတ်ပြည်ကို ပြန်ပို့နေတာကို ဘီဘီစီရဲ့ အာရပ် ဘာသာ ဌာနက စုံစမ်းသိရှိခဲ့ရပါတယ်။ အဲဒီ ပြန်ပို့ခံရသူတွေဟာလည်း တရုတ်ပြည်မှာ ထိန်းသိမ်းခံနေရတယ်လို့ ယူဆရပါတယ်။ ကိုထက်အောင်က ပြန်ပြောပြမှာပါ။