သမ္မတထရမ့် ဆေးရုံက ဆင်းနိုင်တော့မယ်လို့ ဆရာဝန်တွေပြော
ကိုဗစ်- ၁၉ ရောဂါကြောင့် ဆေးရုံတက် ကုသခံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆေးရုံအပြင်ဘက်မှာ သူ့ကို လာအားပေးတဲ့ ထောက်ခံသူတွေကို ကားတစ်ပတ် မောင်းပြီး ကားပေါ်ကနေ လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တချို့ကတော့ မစ္စတာ ထရမ့် ဒီလို လုပ်တာနဲ့ ပတ်သက်လို့ ဝေဖန် ပြစ်တင် နေကြပါတယ်။ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တွေက သမ္မတဟာ ရောဂါ သက်သာလာနေပြီး လာမယ့် ၂၄ နာရီလောက်အတွင်းမှာတင် ဆေးရုံက ဆင်းကောင်း ဆင်းနိုင်တော့မယ်လို့ ပြောနေပါတယ်။
မသီဒါနွယ်က ပြောပြမှာပါ။