ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်နဲ့ ဖီဂျီ
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် အပူချိန်တွေ တက်လာနေပါတယ်။ အဲဒီလို ကမ္ဘာကြီး ပိုမိုပူနွေးလာနေတာကို ကမ္ဘာ့တချို့နေရာတွေမှာ တခြားနေရာတွေထက် ပိုပြီး ခံစားကြရပါတယ်။
ပစိဖိတ် သမုဒ္ဒရာထဲက ဖီဂျီကျွန်းဆိုရင် ကမ္ဘာ့ကာဘွန် ထုတ်လွှတ်မှုရဲ့ ၁ ရာခိုင်နှုန်း အောက်ပဲ ရှိနေပေမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေတာနဲ့ ရင်ဆိုင်နေရပြီး ကမ်းရိုးတန်းတွေပျက်စီးတာ၊ မုန်တိုင်းကြီးတွေ ဝင်ရောက် တိုက်ခတ်တာတွေနဲ့ ကြုံနေရလို့ တိုင်းပြည်ရဲ့ စီးပွားရေးပါ ထိခိုက်လာနေပါတယ်။
ကိုထွေးက ပြောပြပေးမှာပါ။