သမ္မတထရမ့် ဒေါ်လာ ၇၅၀ ပဲ ဝင်ငွေခွန်ဆောင်တယ်လို့ နယူးယောက်ခ်တိုင်းမ်စ် ပြော
သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူသမ္မတ တာဝန်ယူခဲ့တဲ့ နှစ်မှာ ၀င်ငွေခွန်အဖြစ် ဒေါ်လာ ၇၅၀ သာ ပေးဆောင်ခဲ့တယ်လို့ နယူးယောက်ခ်တိုင်းမ်စ် သတင်းစာကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က မစ္စတာ ထရမ့်ရဲ့ အခွန်ဆောင်မှု မှတ်တမ်းတွေကို သူတို့ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
ဒီမှတ်တမ်းတွေထဲမှာ နှစ်နဲ့ချီပြီး အခွန်တိမ်းရှောင်မှုတွေ တွေ့ရှိရတယ်လို့ ရေးသားထားပါတယ်။
ဒါပေမဲ့ သမ္မတ ထရမ့်ကတော့ ဒါဟာ သတင်းတု သတင်းမှား ဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။
အပြည့်အစုံကိုတော့ ကိုထွေးက ပြောပြပေးမှာပါ။