တောင်ကိုရီးယားက ဗိုင်းရပ်စ်စုံထောက်များ
တောင်ကိုရီးယား နိုင်ငံဟာ ကိုဗစ်-၁၉ အပေါ် ကိုင်တွယ် ဆောင်ရွက်ရာမှာ အများက စံပြုစရာ ဖြစ်ခဲ့ပေမယ့် အခုတော့ တစ်နိုင်ငံလုံးမှာ ကူးစက်မှုတွေ ပြန်လည် ဖြစ်ပွားလာနေတာကို ထိန်းချုပ်ရာမှာ မနိုင်မနင်း ဖြစ်လာနေပါတယ်။
ကိုဗစ်အပေါ် တိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေကြသူတွေထဲမှာ ရောဂါပိုးရှိသူနဲ့ ထိတွေသူတွေကို လိုက်လံ စောင့်ကြည့်ကြသူ ဗိုင်းရပ်စ် စုံထောက်တွေလည်း ပါကြပါတယ်။
ဘီဘီစီ ကိုရီးယား ဘာသာ ဌာနက အဲဒီ ဗိုင်းရပ်စ် စုံထောက်တွေနဲ့ တွေ့ဆုံ နိုင်ခဲ့ပါတယ်။