နယူးဇီလန် ခရိုက်စ်ချပ်စ် သေနတ်သမား ကို ထောင်ဒဏ် တစ်သက်ချမှတ်
ပြီးခဲ့တဲ့ နှစ်က နယူးဇီလန် ခရိုက်စ်ချပ် မြို့က ဗလီတွေထဲကို ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သြစတြေးလျ နိုင်ငံသား ဘရန်တန် တားရန့်ဒ် ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။
တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ကျခံနေစဉ်မှာလည်း ကတိ ခံဝန်ချက် နဲ့ လွှတ်ပေးတာမျိုးကိုလည်း သူ့အနေနဲ့ လျှောက်ထားခွင့် မရှိပါဘူး။ ဘရန်တန် တားရန့်ဒ် ရဲ့ ပစ်ခတ်မှုတွေကြောင့် အစ္စလာမ် ဘာသာဝင် ၅၁ ဦး သေဆုံး ခဲ့ရတာပါ။
သူ့အနေနဲ့ လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု၊ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဝန်ခံထားတာလည်း ဖြစ်ပါတယ်။
သူ ပြစ်ဒဏ်ကျူးလွန် ခဲ့သူတွေ အပေါ်မှာလည်း ညှာတာ သနားစိတ် လုံး၀ မပြခဲ့ဘူးလို့ တရားရုံး က ပြောဆို ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။