ပေါက်ကွဲမှု ဖြစ်တဲ့ လက်ဘနွန်မှာ အစိုးရကို မကျေနပ်လို့ ဆန္ဒပြ

ဗီဒီယို ပုံစာ, ပေါက်ကွဲမှု ဖြစ်တဲ့ လက်ဘနွန်မှာ အစိုးရကို မကျေနပ်လို့ ဆန္ဒပြ

လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီး အတွင်းမှာ အနည်းဆုံး လူ ၁၃၇ ယောက် သေဆုံးခဲ့ရပြီး ၅ ထောင်ကျော် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုတွေကို မကျေနပ်ကြတဲ့ မြို့သူမြို့သား တွေက ဆန္ဒပြမှုတွေ လုပ်နေပါတယ်။

လုံခြုံရေး အဖွဲ့တွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွဲမှုတွေ လုပ်နေကြပါတယ်။ လက်ဘနွန် က လက်ရှိ အခြေအနေ ကိုတော့ မရီရီအောင် က ဆက်ပြောပြပေးမှာပါ။