နာဆာ အာကာသယာဉ်မှူးတွေ ပြန်လည်ရောက်ရှိ

ဗီဒီယို ပုံစာ, နာဆာအာကာသယာဉ်မှူးတွေ ပြန်လည်ရောက်ရှိ

ပုဂ္ဂလိကပိုင် SpaceX ဒုံးပျံတွေနဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို သွားရောက်ခဲ့ကြတဲ့ အမေရိကန် အာသာယာဉ်မှူး ၂ ဦးဟာ အာကာသထဲမှာ သီတင်း ၉ ပတ်ကြာ နေခဲ့ကြအပြီး မနေ့ညက မက္ကဆီကို ပင်လယ်ကွေ့ထဲကို ပြန်လည် ဆင်းသက်လာခဲ့ကြပြီ ဖြစ်ပါတယ်။

အဲဒီ SpaceX ကုမ္ပဏီကို ဘီလျံနာ သူဌေး အီလွန်မတ်စ်က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အခုဆိုရင် နာဆာကိုလည်း သူ့အခေါ်အရ အာကာသယာဉ်မှူးတွေ အတွက် အငှားယာဉ် ဝန်ဆောင်မှုလို့ မှည့်ခေါ်ထားတဲ့ ဒီဝန်ဆောင်မှုအတွက် ဒုံးပျံ ငှားရမ်းခတွေ စကောက်ခံနေပြီ ဖြစ်ပါတယ်။ မရီရီအောင် ပြောပြမှာပါ။