ဖားကန့် ဝှေခါမှော် မြေပြိုမှု ၁ လပြည့် အခြေအနေ
လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖားကန့် ဝှေခါမှော်က ကျောက်စိမ်းလုပ်ကွက်မှာ မြေပြိုကျခဲ့တာ အခုဆို ၁ လ ပြည့်ပါပြီ။ ဇူလိုင် ၂ ရက်နေ့ မြေပြိုမှုမှာ သေဆုံးသူတွေအပြင် ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။ ဒီမြေပြိုမှုဖြစ်စဉ်ကို အစိုးရကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကလည်း ဒီအဖြစ်ဆိုးကြီးနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပြထားကြပါတယ်။ ၁ လကြာအချိန်မှာ တွေ့ရတဲ့ ဝှေခါမှော်က အခြေအနေတွေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက ပြောပြပါမယ်။