ဘရာဇီးက မြို့ငယ်တွေမှာ ကိုဗစ်ကူးစက်မှာ စိုးရိမ်

ဗီဒီယို ပုံစာ, ဘရာဇီးက မြို့ငယ်တွေမှာ ကိုဗစ်ကူးစက်မှာ စိုးရိမ်

ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ဘရာဇီးမှာ ကိုဗစ် 19 ကူးစက်ခံရမှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံး ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဆွာပေါ်လို မြို့လို မြို့ကြီးတွေမှာ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ ဖိအားတွေ ကျလာနေပြီလို့ ဆိုနိုင်ပေမယ့် နိုင်ငံတွင်းက အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုလောက်သာ ပေးနိုင်တဲ့ မြို့ငယ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒေသတွင်းမှာ အကြီးမားဆုံး နိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ တနေရာက တနေရာ ရောက်ဖို့ ခရီးရှည်ကြီးတွေ သွားရပြီး တကယ်လို့သာ ဝေးလံခေါင်သီတဲ့ ဒေသတွေအထိ ကူးစက်မှုတွေ ပျံ့နှံ့လာခဲ့ရင် ထိန်းချုပ်ဖို့ ခက်နိုင်တာကို စိုးရိမ်နေကြပါတယ်။

ဆွာပေါ်လိုမြို့နဲ့ ကီလိုမီတာ ၁၀၀ လောက် ဝေးတဲ့ ကမ်ပီနာ့စ်က အခြေအနေတွေကို ကြည့်ရအောင်ပါ။ ကိုသိမ်းမြတ်က ပြောပြမှာပါ။