ပါကစ္စတန်ရဲ့ ကိုဗစ်ကုသရေး အထူးကြပ်မတ်ဆောင် ICU ထဲက ဆရာဝန်တို့ရဲ့ အခက်အခဲများ

ဗီဒီယို ပုံစာ, ပါကစ္စတန်က ကိုဗစ်ကုသရေး အခက်အခဲများ

ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပျံ့နှံ့လာနေရမှာ မနိုင်မနင်းဖြစ်နေသလို လူနာတွေနဲ့ လူနာရှင် မိသားစုတွေရဲ့ ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက လူတွေဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေကို သိက္ခာကျမှာစိုးပြီး လူသိမခံကြဘဲ ဖုံးထားကြတာမျိုးတွေ ရှိတယ်လို့လည်း ပြောပါတယ်။

တချို့ကလည်း ဒီ ဗိုင်းရပ်စ် ဆိုတာက လုပ်ကြံထားတာသာဖြစ်ပြီး ဆရာဝန်တွေက လူနာတွေကို သတ်နေကြတယ်လို့ စွပ်စွဲကြပါတယ်။

ဘီဘီစီ အူရဒူ ဘာသာ ဌာနက ဖာဟက် ဂျာဗက်ဒ်ဟာ အစ္စလာမ်မာဘတ်မြို့က ကိုဗစ် ဆေးရုံတခုရဲ့ အထူးကြပ်မတ် ကုသဆောင်ထဲက ဆရာဝန်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

ကိုသိမ်းမြတ်က ပြန်ပြောပြမှာပါ။