ယူအေအီးက အင်္ဂါဂြိုဟ်ဆီ ဂြိုဟ်တုလွှတ်မယ်

ဗီဒီယို ပုံစာ, ယူအေအီးက အင်္ဂါဂြိုဟ်ဆီ ဂြိုဟ်တုလွှတ်မယ်

အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး က အင်္ဂါဂြိုဟ်ဆီ ဂြိုဟ်တုတစင်း လွှတ်တင်ဖို့ စီစဉ်နေပါတယ်။ မျှော်လင့်ခြင်းလို့ အမည်ရတဲ့ အဲလ်အမားလ် အင်္ဂါဂြိုဟ် လေ့လာရေး စီမံကိန်းရဲ့ ဂြိုဟ်တုကို ဂျပန်ရဲ့ တနဲဂါရှီးမား ကျွန်းကနေ ရာသီဥတု အခြေအနေပေးတာနဲ့ လွှတ်တင်မှာ ဖြစ်ပါတယ်။ ဒီလွှတ်တင်မှုကို ပြုလုပ်ဖို့ အတွက် ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တို့ အကြား အနီးဆုံး ဖြစ်မယ့် အချိန်သီတင်း ၃ ပတ်ပဲ ရပါတယ်။ ဒီ အာကာသ လေ့လာမှုဟာ သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒေသတွင်းမှာ ပိုပြီး စိတ်ပါဝင်စားလာကြစေဖို့ပါ ရည်ရွယ်ထားပါတယ်။

ကိုသိမ်းမြတ်က ပြောပြမှာပါ။