မက္ကဆီကိုက ကိုရိုနာကြောင့် ဆင်းရဲသူတွေကို မူးယစ်ဂိုဏ်းတွေ ကူညီပေး
လက်တင် အမေရိက ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များနေပြီး မက္ကဆီကို နိုင်ငံဟာလည်း ကူးစက်မှုအများဆုံး နိုင်ငံထဲမှာပါဝင်နေပါတယ်။ လပေါင်း အတော်ကြာ လော့ခ်ဒေါင်းချ ထားရတာကြောင့် အလုပ်တွေ ထိခိုက်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရ အနေနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို ထိရောက်စွာ မကိုင်တွယ်နိုင်ဘူးဆိုပြီးတော့လည်း စွပ်စွဲခံထားရပါတယ်။ အခုတော့ အလုပ်လက်မဲ့ ပြဿနာတွေကို မက္ကဆီကိုက သြဇာရှိတဲ့ မူးယစ်ဆေးဂိုဏ်းတွေက ဝင်ရောက်ဖြေရှင်းမှုတွေလုပ်ပေးခဲ့ပါတယ်။ မက္ကဆီကို က နွမ်းပါးသူတွေကို အကူအညီပေးနေတဲ့ မူးယစ်ဆေးဂိုဏ်း တစ်ခုကို ဘီဘီစီ သတင်းထောက် အန်း လောရန့် က သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသီဒါနွယ်က ပြောပြမှာပါ။